"နိဂုံးမရောက်ခင် တဒင်္ဂခဏ"
၁။ တဖြည်းဖြည်းနှင့် ဖြူဖြူလာတဲ့ဆံပင်
နက်ချင်လွန်းလို့ ဆေးတွေဆိုးကြတာ
တဒင်္ဂခဏပါပဲ။
၂။ တဖြည်းဖြည်းနှင့် ကြွေကြွေလာတဲ့သွား
ဝါးချင်လွန်းလို့ ပြန်ပြီးစိုက်ကြ
တဒင်္ဂခဏပါပဲ။
၃။ တဖြည်းဖြည်းနှင့် မှုန်မှုန်လာတဲ့မျက်လုံး
မြင်ချင်လွန်းလို့ မျက်မှန်ကလေးသုံးပြီးကြည့်ကြ
တဒင်္ဂခဏပါပဲ။
၎။ တဖြည်းဖြည်းနှင့် ပင်းပင်းလာတဲ့နား
ကြားချင်လွန်းလို့
နားကြပ်ကလေးတပ်ကြ
တဒင်္ဂခဏပါပဲ။
၅။ အဲဒီ……
တဒင်္ဂခဏတွေကို
အစဉ်ထာဝရလို့မှတ်ခဲ့ရင်
ရုပ်နဲ့နာမ်
ဖောက်ပြန်တဲ့သဘော စိတ်မနောနဲ့ရှုမြင်
ဆင်ခြင်မှုတွေဆိတ်သုံး နိဂုံးပိုင်းမရောက်ခင်တော့
ပြုပြင်လို့ကိုမဆုံးတော့ပါလား…..တဒင်္ဂခဏရေ။
သတ္တဝါဟူသမျှ
တရားတွေ့ ငြိမ်းအေးကြပါစေ။
|
No comments:
Post a Comment